ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ပခုက္ကူကုန်စည်ဒိုင်တွင် ယခင်( ၁၉-၃-၂၀၂၀ )ရက်စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်စမုံ ပုံမှန် (၃၀၀၀/-) ၊ ကုလားပဲ (929) (၈၀၀/-) ၊ ကုလားပဲ (V2)(၁၃၀၀/-)၊ စွန်တာကျွန်း (၈၀၀/-) ၊ ပဲဇီးကွက် (၆၀၀/-) ၊ ထောဖြူကျွန်း (၂၃၀၀/-) ကျပ် စျေးကျကာ ကျန်ပဲမျိုးစုံ နှင့်နှမ်း စျေး များ အပြောင်းအလဲမရှိဘဲနှမ်း( ၂၀၀ )အိတ်နှင့်ပဲမျိုးစုံ(၄၈၀) အိတ် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။